ပြင်ဦးလွင်မြို့နယ်တွင် အသက် ( ၈၅ )နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ

ပြင်ဦးလွင်  ဖေဖော်ဝါရီ ၁၁

​မန္တလေးတိုင်းဒေသကြီး၊  ပြင်ဉီးလွင်မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက်ဘိုးဘွား ၇၃၉ ဦးအား တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက ပြင်ဦးလွင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအလိုက် တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

​ရှေးဉီးစွာ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးတင်အောင်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြင်ဉီးလွင်ခရိုင် လူမှု ဝန်ထမ်းရုံးမှ တာဝန်ရှိသူတစ်ဦးက အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား တတိယ(၃)လပတ်အတွက်  လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ပွဲ ကျင်းပရခြင်းနှင့်ပတ်သတ်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် တတိယ ( ၃) လပတ်  လူမှုရေးပင်စင် ထောက်ပံ့ငွေအဖြစ်  အသက် (၈၅) နှစ်နှင့်အထက်  အဘိုး၊ အဘွား (၇၃၉) ဉီးအတွက် တစ်ဉီးလျှင် ငွေကျပ် (၃၀၀၀၀)  ကျပ်နှုန်း ဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၂၁၇၀၀၀၀/-) နှစ်ရာနှစ်ဆယ့်တစ်သိန်း ခုနှစ်သောင်းတိတိအား  တာဝန်ရှိသူများက  သက်ဆိုင်ရာတာဝန်ခံများသို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြုလူသစ် [ခရိုင် ( ပြန်/ဆက် )]