သာပေါင်း ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) သိကောင်းစရာအသိပညာပေး (Talk Show)ကို ယမန် နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်းမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို)အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာရန်အတွက် အမျိုးသားခေါင်းဆောင်ကြီးတွေအနေဖြင့် တွေ့ကြုံခဲ့ရသော အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးပါရန် ပြောကြားရာ သာပေါင်းမြို့နယ် စာရေးဆရာအသင်း၊ အတွင်းရေးမှူးဦးစောလင်း(ကိုကြီးစော)သာပေါင်းက “ပြည်ထောင်စုနေ့လို့ ဘာ့ကြောင့်ခေါ်ဆိုရသလဲဆိုတော့ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြရာမှာ မြန်မာပြည်မနှင့်တောင်တန်းဒေသများ တနည်းအားဖြင့် ဗမာလူမျိုးနှင့်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ အားလုံး စည်းလုံးညီညွတ်စွာရှိခဲ့ကြပါသည်၊ သဘောတူညီမှုတွေရခဲ့လို့ ရှမ်းပြည်တောင်ပိုင်း၊ လွယ်လင်ခရိုင် ပင်လုံမြို့မှာ စာချုပ်ရေး ပင်လုံစာချုပ်မှာ တောင်တန်း၊ ပြည်မ ခေါင်းဆောင်တွေစုပြီး လက်မှတ်ရေးထိုးသောနေ့ကို ပြည်ထောင်စုနေ့လို့ မော်ကွန်းတင် သက်မှတ်ခဲ့ကြတယ်” စသည်ဖြင့် အကျယ်တဝင့် ဆက်လက်ရှင်းလင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
မျိုးဇော်သိန်း