မိုင်းယောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သန်း ၁ဝဝ အောက်ချေးငွေကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ထုတ်ချေးပေးခဲ့သည်။

ဆီဆိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိှမ်းသတ်နည်းများ လက်တွေ့သရုပ်ပြဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြို တင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့၌ ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်း အလေ့အထတို့ကိုလျော့ချနိုင်ရေး အသိပညာပေး  ဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်း အလေ့အထတို့ကိုလျော့ချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲပြုလုပ်ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးမှ မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများရှိ ကလေးမိခင်များမှ မိမိတို့၏ရင်သွေးလေးများကို ကျန်းမာသန်စွမ်းပြီးဉာဏ်ရည်ထက်မြက်သည့်ကလေးငယ်များဖြစ်လာစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲအား လှိုင်းဘွဲမြို့ (က)ရပ်ကွက်ရှိ မြို့နယ်  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ယမန်နေ့ကပြုလုပ်ကျင်းပခဲ့သည်။

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆောင်ရွက်

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးTalk Showကို ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

စျေးကွက်အတွင်း ခရမ်းချဉ်သီးစျေးနှုန်း ကျဆင်း

ချောက်မြို့နယ် ၊မြို့မ​စျေးကြီးအတွင်း စားဖို ဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးမှာ ဖေဖော်ဝါရီလဆန်းမှစတင်၍ တစ်ရိပ်ရိပ်ကျ ဆင်းလျက်ရှိ​ပြီး စျေးကွက်အတွင်း ဒေသထွက်ဗမာခရမ်းချဉ်သီးများ ပိုမိုဝင်ရောက်လျက်ရှိကြောင်း ခရမ်းချဉ်သီးလက်လီ လက်ကားရောင်းချသူများထံမှ သိရသည်။

ကံမမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၊ မျိုးရာဇာ ကိုယ်ပိုင်အထက်တန်းကျောင်း၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန့်နေ့ နေ့လယ်(၂)နာရီက အဆိုပါကျောင်း၌  ဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပြည်သူများသို့ APTERR Tier-3 အစီအစဉ်ဖြင့် ဂျပန်နိုင်ငံနှင့်ကိုးရီးယားသမ္မတနိုင်ငံတို့မှလှူဒါန်းသည့် အရန်ဆန်ရိက္ခာနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်လှူဒါန်း

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပြည်သူများသို့ APTERR Tier-3 အစီအစဉ်ဖြင့် ဂျပန်နိုင်ငံနှင့်ကိုးရီးယားသမ္မတနိုင်ငံတို့မှ လှူဒါန်းသည့် အရန်ဆန်ရိက္ခာနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ ့အကြောင်းအသိပညာပေး Talk Show ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးCommunity Centre ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က  ၇၆ နှစ်မြောက်ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး Talk Show ကို ပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်တွင် သာသနာ့ရက္ခိတစာတော်ပြန်ပွဲအသင်းကြီးမှကြီးမှူးကျင်းပသော ၁၃၈၄ ခုနှစ် (နဝမ)အကြိမ်မြောက် ပရိယတ္တိရေးဖြေစာမေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် သာသနာ့ရက္ခိတစာတော်ပြန်ပွဲအသင်းကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများမှ ကြီးမှူးကျင်းပသော (နဝမ) အကြိမ်မြောက် ပရိယတ္တိရေးဖြေစာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်ကာ ရတနာဃရ ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to