စမ်းချောင်း ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ်ဖြစ်သည့် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)တတိယသုံလပတ်အတွက်လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စမ်းချောင်းမြို့နယ်ရပ်ကွက် (၁၈)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား တစ်ဦးလျှင် ၃၀၀၀၀/-ကျပ်ဖြင့် ဘိုးဘွား(၆၀၇)ဦးတို့အား ၂၀၂၂-၂၀၂၃ခုနှစ် ဘဏ္ဍာရေးနှစ်ဖြစ်သည့်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) တတိယသုံလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ်(၁၈၂၁၀၀၀၀)/-တိတိကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ လူမှုရေးပင်စင် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း ရပ်ကွက်အတွင်းရှိ ဘိုးဘွားများထံသို့ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နီလာစိုး