သပိတ်ကျင်း ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၌ ၂၀၂၃ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ( ၇)မိုင်ကျေးရွာအုပ်စု၊ ( ၅)မိုင်ကျေးရွာ ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါလမ်းပေါ်ရှိ ဖွင့်ပွဲဆိုင်းဘုတ်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သီသီအောင်က၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် သပိတ်ကျင်းမြို့နယ်အတွင်း ကျေးရွာဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအား ရှင်းလင်းတင်ပြခဲ့ပြီး (၅)မိုင် ကျေးရွာပြည်သူတစ်ဦးမှ ကွန်ကရစ်လမ်းသစ် ဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်၊ ထို့နောက်ကွန်ကရစ်လမ်းသစ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးစိုးမင်းသူ၊ ခရိုင်အဖွဲ့ဝင်ဦးနေမျိုးဦး၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယမန်နေ့ ဖွင့်လှစ်ခဲ့သောကွန်ကရစ်လမ်းမှာ (၅)မိုင် ကျေးရွာအတွင်းပြည်သူများ အသုံးပြုနေသည့် လမ်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ပြည်သူ့လူထုထည့်ဝင်ငွေ ကျပ်သိန်း (၃၀) တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ ကွန်ကရစလမ်း၏အရှည်မှာ(၆၁၀)ပေ၊ အကျယ်(၁၂)ပေ ၊ ထု(၆)လက်မ ရှိကြောင်းသိရသည်။ လမ်းဖွင့်ပွဲအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတာဝန်ရှိသူများက လမ်းသစ်အား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ ကြောင်း သိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)