မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းမှ နယ်မြေကွင်းဆင်း၍ ဟောပြောပွဲကျင်းပ

မိုင်းဆတ် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသ ဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းမှ နယ်မြေကွင်းဆင်း ဟောပြောခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ကာနကျေးရွာရှိ ကျေးရွာခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဌေးမြင့်က ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာ/ ရပ်ကွက်အတွင်း ခိုးဆိုးလုနှိုက်မှုများဖြစ်ပေါ်ပါက အချိန်မီသတင်းပေးပို့ကြရန်လိုကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ရပ်ကွက်/ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ ဦးစီးအရာရှိ ဦးအောင်တင်ဝင်းက အသက်၁၈နှစ်ပြည့်ပြီးသူတိုင်း ရွေးကောက်ပွဲအတွက်မဲပေးနိုင်ရေး ကောင်းမွန် သန့်ရှင်းသော လူထုအဖွဲ့အစည်းတည်ထောင်သွားရန်လိုအပ်ကြောင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က မိမိတို့ဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍  ရှင်းလင်းဟောပြောခဲ့သည်။

မြင့်မောင် (ပြန်/ ဆက်)