ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ် ကားလမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ ပေ ၁၀၀၀ ခန့် အနက်ရှိ ချောက်ထဲထိုးကျ ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ တောင်ဘက် ၁၂ မိုင်ခန့် အကွာ၊ ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ် ကားလမ်း မိုင်တိုင်အမှတ် (၁၄/၂)နှင့် (၁၃/၃)အကြားတွင် ဖေဖော်ဝါရီ ၁၀ ရက်က  မော်တော်ယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ ချောက်ထဲထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းဆတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ ယာဉ်မောင်း စံမြတ် (၄၅)နှစ် မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန်ရွာနေသူ မောင်းနှင်သည့်  SHN 8k/---- REGO  မော်တော်ယာဉ်သည် ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လီကျေးရွာအနီးတွင် အရှိန်မထိမ်းနိုင်ဘဲ ပေ ၁၀၀၀ ခန့် အနက်ရှိ ချောက်ထဲ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါသူ ၁၁ အနက် ၅ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ ဆက်)