ကျိုင်းတုံ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အငယ်တန်းစာရေးနှင့် ရုံးအကူဝန်ထမ်း လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့် 

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သော ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ အငယ်တန်းစာရေးနှင့် ရုံးအကူဝန်ထမ်းလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အရည်အသွေးများ မြှင့်တင်ရန်၊ ရုံးစာရေးသားနည်းများကို ဦးစီးတာဝန်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်တတ်စေရန်၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်းများကို သိရှိနားလည်ပြီး လုပ်ကိုင်ဆောင်ရွက်တတ်စေရန်၊ မိမိဌာနမှ ကျင့်သုံးသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အမိန့်နှင့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန်သာမက ဌာနဆိုင်ရာများ၏ လုပ်ငန်းများကို သိရှိနားလည်စေရန် ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နည်းပြများ၏ သင်ကြားပို့ချက်များကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူမှတ်သားပြီး လက်တွေ့လုပ်ငန်းခွင်တွင် ရာနှုန်းပြည့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး၊ ခရိုင်ရုံးများနှင့် မြို့နယ်များရုံများမှ သင်တန်းသား၊ သင် တန်းသူ ၇၄ ဦး တက်ရောက်ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှ မတ်လ ၁၀ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)