မိုင်းယု ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လူငယ်နှင့်လူမှုဆက်ဆံရေးခေါင်းစဉ်ဖြင့် (Talk Show)ဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်က လူမှုပတ်ဝန်း ကျင်တွင် မွေးကင်စမှသေဆုံးသည်အထိ ဒေါသ၊ မောဟ၊ လောဘလက္ခဏများ၊ အပေါင်းအသင်းသူငယ်ချင်းတို့၏ အပေါ်ယံနှင့် အတွင်း စိတ်တို့၏ ပေါင်းသင်း ဆက်ဆံမှုများ၊ ဂျင်းစိမ်းနဲ့မိဿလင် သူကြင်မှကိုယ်ကြင်ဆိုသည့် ဆိုရိုးစကားများနှင့် မိတ်ဆွေစစ် လေးမျိုးအကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် ရုပ်သံကျွမ်းကျင်-၃ ဦးနေဝင်းက လူမှု့ပတ်ဝန်းကျင်မှ အမြင်မတူသည့် ပေါင်းသင်း ဆက်ဆံမှုများ၊ စကားပြောဆိုပုံများ၊ မိတ်ဆွေကောင်းတို့၏ အင်္ဂါခုနှစ်ရပ်နှင့် ကျီစာသန်ရန်များ၏ဆိုသည့် ဆိုရိုးစကားအဓိပ္ပာယ်များ စသည့်အကြောင်းအရာတို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။
ယနေ့ခေတ်လူငယ်များ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းများနဲ့ ထာဝရလက်တွဲစေပြီး ရိုင်းပင်းကူညီတတ်တဲ့စိတ်၊ မြင့်မြတ်သောစိတ်ထား၍ လူကောင်းလူတော်များဖြစ်လာအောင် မိမိစိတ်နေစိတ်ထားကို ရည်မွန်သောဆက်ဆံခြင်းဖြင့် ပြုမူနေထိုင်တတ်စေရန်ရည်ရွယ်၍ ဆွေးနွေးပွဲကို ကျင်းပပြူလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်