ဝမ်းတွင်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပ

ဝမ်းတွင်း ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန ဝမ်းတွင်းမူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေတင့်က မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် ကလေးငယ်များအား ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကိုကျင်းပခဲ့ရာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် ကလေးငယ်များနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကလေးငယ်များအား ဆုတံဆိပ်များနှင့် အမှတ်တရလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ မိတ္ထီလာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေတင့်၊ ဝမ်းတွင်းမူလတန်းကြိုကျောင်း၊ တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်လှိုင်ဝေဝေကျော်နှင့် ဝန်ထမ်းများ၊ သားငယ်သမီးငယ်များနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ရဲမျိုးသက်