ပဲခူး ဖေဖော်ဝါရီ ၁၃
ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး လူသစ်တန်း (3X3)ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်က တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆုပေးပွဲ အခမ်းအနားတွင် လူသစ်တန်း အငယ်တန်းအမျိုးသား 3X3 ဘတ်စကက်ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော Eagles အသင်း၊ ပထမဆုရရှိသော Girants အသင်း၊ လူသစ်တန်းအမျိုးသမီး 3X3 ဘတ်စကက်ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော The Girls အသင်း၊ ပထမဆုရရှိသော Infinity Girls အသင်း၊ လူသစ်တန်းအမျိုးသား 3X3 ဘတ်စကက်ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော Eagles(2)အသင်းနှင့် ပထမဆုရရှိသော Eagles (1)အသင်းတို့အား ဆုတံဆိပ်နှင့် ငွေသားဆုများအား အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်းက ဒိုင်လူကြီးများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့ပြီး ဆုရရှိသောအသင်းများနှင့် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ ဆက်)