၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာ ပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူး ဖေဖောဝါရီ  ၁၃

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား   ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီ အချိန်က ပဲခူးမြို့ ဟံသာဝတီယူနိုတ်တက်ဘောလုံးကွင်း၌ ကျင်းပရာ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်၊ ပဲခူးခရိုင် အားကစားနှင့်ကယာပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး ဇင်ဝင်းထွန်း၊ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းခိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဘောလုံးဝါသနာရှင် ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အင်းတကော်(က)အသင်းနှင့် ဥဿာ(၇)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  အင်းတကော်အသင်းက  ဥဿာ(၇)အသင်းအား ၃ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိကာ ပထမတံခွန်စိုက် ဆုဖလား ရရှိခဲ့သည်။

ယင်းနောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပွဲစဉ်တလျောက် အကောင်းဆုံးဂိုးသမားဆုရရရှိသော ဥဿာ(၇) အသင်းမှ ကျောနံပါတ်(၁)ရဲရင့်အောင်၊ အကောင်းဆုံး နောက်တန်းဆုရရှိသော ဥဿာ(၇)အသင်းမှ ကျောနံပါတ်(၃)တင်မျိုးအောင်၊ အကောင်းဆုံးအလယ်တန်းဆုရရှိသော အင်းတကော်(က)အသင်းမှ ကျောနံပါတ်(၂၁) ပိုင်မိုးဝေ၊ အကောင်းဆုံးရှေ့တန်းဆုရရှိသော အင်းတကော်(က)အသင်းမှ ကျောနံပါတ်(၈) တိုးတက်လင်း၊ အကောင်းဆုံးဘောလုံးသမားဆုရရှိသော အင်းတကော်(က)အသင်းမှ ကျောနံပါတ်(၆) ဘိုဘိုအောင်တို့အား ပဲခူးမြို့နယ်အားကစားမှူး ဦးဝင်းကျော်က ဆုများချီးမြှင့်ခဲ့သည်။

ထို့နောက် တတိယဆုရရှိသော ဇိုင်း/ မြောက်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်ကို ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်ကျော်ထွန်းကလည်းကောင်းတတိယဆုရရှိသော ဇိုင်း/ မြောက်အသင်းအား ငွေသားဆု (၃)သိန်းကျပ်ကို ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းခိုင်ကလည်းကောင်း၊  ဒုတိယဆုရရှိသော ဥဿာ(၇)အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်ကို ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး ဇင်ဝင်းထွန်းကလည်းကောင်း၊ ဒုတိယဆုရရှိသော ဥဿာ(၇)အသင်းအား ငွေသားဆု (၅)သိန်းကျပ်အား ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းကလည်းကောင်း၊ ပထမဆုရရှိသော အင်းတကော်(က)အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်က ပဲခူးတိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်လည်းကောင်း၊ ပထမဆုရရှိသော အင်းတကော်(က)အသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု (၇)သိန်းကျပ်အား ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်ကလည်းကောင်း ဆုများအသီးသီး  ချီးမြှင့်ပေးခဲ့ကြပြီး ဆုရရှိသောအသင်းများနှင့် စုပေါင်းမှတ်တမ်းတင်  ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ ဆက်)