ဖားဆောင်း ဖေဖော်ဝါရီ ၁၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန်းသဲနုအောင်က စာပေချစ်မြတ်နိုးသူများအချင်းချင်း စာဖတ်သူအကြိုက် စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ခေါင်းဆောင်မှုနဲ့စီမံခြင်းစာအုပ်မှ “ခေါင်းဆောင်မှုနဲ့စီမံခြင်း”ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး (book club)အဖွဲ့ဝင်ဦးနိုင်သူဝင်းက “တန်ဖိုးရှိတဲ့လူ့ဘဝ”ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့သည်။
ဆက်လက်၍(book club)အဖွဲ့ဝင် ဦးစောလယ်မူးက “စိတ်ကောင်းထားရှိအမှန်ကြီးပွား၏” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဒေါ်တူးတူးက “လူငယ်နှင့်အနာဂတ်စီမံကိန်း”ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်၊ စာစောင်များပြသထားရှိမှုကိုလည်း စာပေချစ်မြတ်နိုးသူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)