မော်လမြိုင်ကျွန်းမြို့နယ်တွင် တိုင်းရင်ဆေးပညာအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် တိုင်းရင်ဆေးပညာအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်အား ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါအသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းနှင့် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဦးခိုင်ထွန်းဇော်တို့ ဆွေးနွေးခဲ့ကြပြီး နယ‌ (၄) ပါးနှင့် ဓါတ်ကြီး (၅) ပါးအကြောင်းနှင့် တိုင်းရင်းဆေးပညာ သိကောင်းစရာများအကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်အောင် (ပြန်/ဆက်)