ကျောက်ဆည် ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၂)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဆည်မူလတန်းကြိုကျောင်းတို့ပူးပေါင်းပြီး မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပြိုင်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဆည်မူလတန်းကြိုကျောင်းမှ မူကြိုကျောင်းသား/ ကျောင်းသူ(၂၀)ဦးမှ ရွှေကြက်ဖ၊ ကြက်တူရွေး၊ ဆင်၊ ဂုဏ်ပြုကြစို့၊ ပြည်ထောင်စုပွဲ ကဗျာများဖြင့်လည်းကောင်း၊ ချိုးနှင့်ပုရွက်ဆိတ်ပုံပြင်များဖြင့် အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရပြီး၊ ပြိုင်ပွဲများအပြီးတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဟာရမုန့်များနှင့် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်