သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကလေးများနေ့အထိမ်းအမှတ် မူလတန်းအဆင့်ဘောလုံးလက်ဆင့်ကမ်း ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

သံတွဲ ဖေဖေါ်ဝါရီ ၁၃

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် မူလတန်းအဆင့် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နေ့လယ် ၁ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)  ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ဘောလုံးလက်ဆင့် ကမ်းပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ထို့နောက် ဘောလုံးလက်ဆင့်ကမ်း ပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ အမက(ဒွါရာဝတီ)မူလွန်ကျောင်းနှင့် အမက(၁)မူလွန်ကျောင်းတို့မှ မူလတန်းကျောင်း သားကျောင်းသူ (၁၅)ဦးက ယှဉ်ပြိုင်ခဲ့ကြသည်။ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပရာ အဆိုပါကျောင်းများမှ မူလတန်းကျောင်းသား၊ကျောင်းသူ (၁၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင်လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများကပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူ(၃၀)ဦးအားအမှတ်တရလက်ဆောင်ပစ္စည်းများအား ပြိုင်ပွဲဝင်လက်ဆောင်အဖြစ် ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများကျင်းပရခြင်းမှာ ကလေးများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး ၊ကာယ ၊ဉာဏဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့် တိုက်နှင့် ရင်းနှီးမှုရရှိစေပြီး စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။ ထို့အပြင်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Talk Showများ၊အသိပညာပေးဟောပြောပွဲများနှင့် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက် ပေးလျက် ရှိပါသည်။

ခရိုင်ပြန်/ဆက်