ကျောက်တော်မြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အရုပ်ဆက် ပြိုင်ပွဲကျင်းပ

ကျောက်တော် ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အရုပ်ဆက်ပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁) နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ရ ခြင်းပေးခြင်းကြောင့်  လူငယ်များအနေဖြင့်  စဉ်းစားတွေးခေါ်မှုဖြင့် အနုပညာကိစ္စရပ်များတွင် အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးကို တိုးတက်စေခြင်း၊ တီထွင်ကြံဆနိုင်မှုနှင့်စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ ဆန်းသစ်တီထွင် တွေးတောကြံဆနိုင်မှုစသည့်များအား အထောက်အကူပြုစေနိုင်ရန် ၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ စာအုပ်စာပေနှင့်လည်း ရင်းနှီးမှုရှိစေရန် ကျင်းပပြုလုပ် ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲအား ဆက်လက်ကျင်းပ ပြုလုပ်ရာ အရုပ်ဆက်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား ၁၅ ဦးမှ ဝင်ရောက် ယှဉ်ပြိုင်သွားပြီး  ပြိုင်ပွဲတွင်ဆုရရှိသူများအား ဦးစီးအရာရှိနှင့်တာဝန်ရှိသူများကဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ခင်မောင်ထွန်း