ဂွ ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးအမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိသည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေဖြင့် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးအမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဘိုးဘွားတစ်ဦးလျင် (၃၀၀၀၀ိ/-) နှုန်းဖြင့် ဘိုးဘွား(၆၃)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်