ဒလမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်

ဒလ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းကို ယမန်နေ့က ဒလမြို့ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်သဇင်နွယ်၊ ဒေါ်မေဧပရယ်မိုးနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဒေါ်ခင်စန်းရီတို့ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကျန်းမာပြီး ကလေးအသေနှုန်းများ မွေးဖွားမှုမရှိစေရန်၊ မွေးဖွားလာသည့် ကလေးများကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုးပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ ဆီးစစ်ပေးခြင်း၊ သံဓာတ်ဖောလိတ် ကိုယ်ဝန်ဆောင်အားဆေးနေ့စဉ် သောက်ရန်ပေးခြင်း၊ HIV နှင့်ကာလသားရောဂါ စစ်ဆေးခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ်၊မွေးဖွားစဉ်၊ မွေးဖွားပြီးဖြစ်ပေါ်နိုင်သောအန္တရာယ် လက္ခဏာများအကြောင်း အသိပေးခြင်းများကို ဆောင်ရွက်ပေး ခဲ့ကြောင်းသတင်း ရရှိပါသည်။

မြင့်ဇော်(ပြန်/ ဆက်)