ဟုမ္မလင်း ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၆)လမှ (၅)နှစ်ထိ ကလေးများအား အားဆေးနှင့်သန်ချဆေးတိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ (၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဟုမ္မလင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဆေးရုံတွင် တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသက်(၆)လမှ (၅)နှစ်ထိကလေးငယ်များကို ဗီတာမင်အေနှင့်မျက်စိအားဆေး သန်ချဆေးတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းပြည်သူ့ကျန်းရေးဦးစီးဌာနမှ ဆရာမများနှင့် တာဝန်ရှိသူများက ကလေးငယ် ၇၉၆ ဦးအား တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)