မင်းလှ ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၂၇) စက်မှုလယ်ယာစခန်းက လက်ဆက်ကျေးရွာအုပ်စု၊ စိန်ကန့်လန့်ကျေးရွာ၊ ဦးပိုင်အမှတ် (၁၈/၁)၊ ကွင်းအမှတ် (၇၆၂) ၊ တောင်သူ ဦးကျော်ကျော်လွင်၏ လယ်မြေ (၃) ဧက၌ (၁၀)တန်းသွား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးအစေ့ချသရုပ်ပြခြင်းကို ယနေနံနက်ပိုင်းက ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးဇော်မြင့်က (၁၀) တန်းသွား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးအစေ့ချစိုက်ပျိုးခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ပြောကြားသည်။
ထိုနောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်ဖြိုးနှင့် ဝန်ထမ်းများက (၁၀)တန်းသွား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးအစေ့ချသရုပ်ပြခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)