ကသာ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် Placement Test စာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ စိတ်အေး ချမ်းစွာဖြင့် ယနေ့နံနက်(၉)နာရီအချိန်ကဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ကသာမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော် ကြီးသင်ပညာရေး ကျောင်းများမှကျာင်းသားကျောင်းသူများအနေဖြင့် စာစစ်ဌာနများ ဖြစ်ကြသောအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့် Grade -1 မှ Grade -5 အထိဖြေဆိုကြကာအမှတ်(၃) အခြေခံအထက်တန်းကျောင်းတွင် Grade -6 မှ Grade -8 အထိဖြေဆိုကြရပြီးမြို့နယ်အတွင်း Placement Test စာမေးပွဲ ဝင်ရောက် ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၅၁၅၉)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကသာမြို့နယ် အခြေခံပညာကျောင်းများ၌ Placement Test စာမေးပွဲအေးချမ်းအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီး ကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(ကသာ)