အုတ်ဖို ဇွန် ၁၈
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ ပြည်သူ့အတွက်ရက် (၁၀၀)အစီစဉ်အရ ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသမှုအဖွဲ့သည့် အုတ်ဖိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဇွန် ၁၆ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဆေးစစ်ဆေးမှုများ ဆောင်ရွက်ပေးသည်။
ကွင်းဆင်းဆေးကုသပေးကြရာတွင် အထူးကုဆရာဝန်ဒေါက်တာစုလှိုင်ထွေးနှင့် အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူ (၁၅၄)ဦးအား သားဖွား၊ မီးယပ်၊ သွားနှင့်ခံတွင်း၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းတို့နှင့်ပတ်သက်၍ ဖြစ်ပွားတတ်သော ရောဂါများ၊ ကျန်းမာရေးဆိုင်ရာများ အသိပညာပေးဟောပြောခြင်း၊ စစ်ဆေးကုသပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)