ပင်းတယမြို့နယ်၌ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ပင်းတယ ဇွန် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့်အတူ မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းကပန်းအိုးကွဲ ကျေးရွာသို့ ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်ပေးသည်။

 ယင်းသို့ဆောင်ရွက်ရာတွင် ကျေးရွာသူ၊ ကျေးရွာသားများအား ကျန်းမာရေးအသိပေးခြင်းအနေဖြင့်   တီဘီရောဂါ၊ သွေးလွန် တုပ်ကွေးရောဂါ၊ သွေးတိုးရောဂါ ဖြစ်နိုင် ခြေရှိပုံများ၊ ဆောင်ရန်ရှောင်ရန်နှင့် ကျန်းမာအောင်နေထိုင်နည်း၊  ယင်လုံအိမ်သာနှင့်တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်း စသည်တို့ကို ရှင်းလင်းပညာပေးပြီး၊  ဆေးကုသမှုများ ဆောင်ရွက်ပေးကြသည်။

  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အထွေထွေရောဂါ ဆေးကုသပေးခဲ့သူပေါင်း ၃၇၀ ဦး၊  သွားနှင့်ခံတွင်းကုသမှုပေးသူပေါင်း ၂၄ ဉီး၊ စုစုပေါင်း ၃၉၄ ဦးအားလည်းကောင်း၊  တိုင်းရင်းဆေးဌာနမှ ခါးနာဒူးနာ အဆစ်အမြစ် ကိုက်ခဲ ဝေဒနါ ခံစားနေရသူ  ၁၄၂ ဦး အားလည်းကောင်း စုစုပေါင်း ကျေးရွာပြည်သူ  ၅၃၆ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။  ပြည်သူများ ကျန်းမာစွာ နေထိုင်နိုင်ရေးနှင့် ရောဂါဘေးကင်းဝေးရေးအတွက် ကုသရေးနှင့် ကာကွယ်ရေး ကျန်းမာရေးဝန်ဆောင်မှုများကို ထိရောက်စွာ ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာရေးဦးစီးဌာနမှ  ရည်ရွယ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

အေးအေးလတ်(ဒေသပြန်/ဆက်)