ပင်လောင်းမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်

ပင်လောင်း  ဇွန်  ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တို့ပူးပေါင်းဖွင့်လှစ်သော စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးစိုးမိုးထွန်း၊ မူးယစ်တပ်ဖွဲ့မှူး ရဲမှူးဝင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ကြရာ၊ သင်တန်းဖွင့်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်းရေးဆွဲဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်သန်းက အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တောင်ကြီးမြို့ရုံးခွဲမှ ဒေါ်နန်းထားထားမေက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်

သင်တန်းတွင် အဓိကသီးနှံနှင့်အခြားသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံအထွက်နှုန်းကို မထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်သောနည်းလမ်းများ၊ ကော်ဖီနှင့် အခြားနှစ်ရှည်ပင်များ စိုက်ပျိုးထိန်းသိမ်းနည်းများ၊ ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျော ညီထွေသည့် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းများ၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းနှင့် သဘာဝ မြေဩဇာများ ပြုလုပ်သုံးစွဲခြင်းနည်းလမ်းများ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းနှင့် ဓာတ်ကြွင်း အာနိသင်လျော့ချရေးနည်းလမ်းများ၊ သီးနှံမျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်းနှင့် အကျိုး ကျေးဇူးများ၊ သီးနှံးများဘက်စုံပိုးမွှားကာကွယ်နှိမ်းနင်းရေး(IPM)၊ စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ GAP)၊ ကွင်းဆင်းလက်တွေ့သရုပ်ပြသခြင်းတို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်းထမ်းများ၊ ပျိုးဥယျာဉ်ခြံမှ ခြံဦးစီးမှူးက သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းကို ဇွန် ၁၇ ရက်နှင့် ၁၈ ရက်ထိ နှစ်ရက်တာသင်တန်းပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်