မိုင်းပျဉ်းမြို့၌ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေးနှင့် ကျန်ရှိမှုမရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိ‌စေရေးနှင့် ကျန်ရှိမှုမရှိ‌စေရေးတို့ အတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့ ည နေ ၃ နာရီက မို့ပေါ်အောက်ဈေတန်းရပ်ကွက်တွင်‌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုးညှင်းခရိုင် လူငယ်ရေးရာ ကော်မတီမှကြီးမှူး၍ အခြေခံလျှပ်စစ်သွယ်တန်းခြင်း သင်တန်းဖွင့်လှစ်

မိုးညှင်းခရိုင် လူငယ်ရေးရာ ကော်မတီမှကြီးမှူး၍ အရှေ့ကျောင်းပရိယတ္တိ စာသင်တိုက်အောက်ထပ်တွင် အခြေခံ လျှပ်စစ်သွယ်တန်းခြင်း သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီမှစတင်၍ သင်တန်းသား (၂၄)ဦးနှင့် သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်အတွင်းရှိ အသက် (၅) နှစ်အောက် ကလေးငယ်မျာအား ဗီတာမင်(A)ဆေးနှင့် သန်ချဆေးများ တိုက်ကျွေး

ကလေးငယ်များ ရောဂါများကင်းဝေးပြီး ဗီတာမင်(A) ပြည့်ဝကာ ကျန်းမာ၊ သန်စွမ်းသော ကလေးငယ်များ ဖြစ်စေရန် ဧရာဝတီ တိုင်းဒေသကြီး ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက်တွင် သြဂုတ်လ ၂၁ ရက် နံနက် (၈) နာရီက အသက်(၅)နှစ်အောက် ကလေးငယ် များအား ဗီတာမင်(A) ဆေးနှင့် သန်ချဆေးများကို ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ တိုက်ကျွေးခဲ့ကြသည်။

ခရမ်းမြို့တွင် နိုင်ငံခြားအရက်အမျိုးမျိုး တရားမဝင်ရောင်းချခြင်းအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရေး အသိပညာပေးဆွေးနွေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့အတွင်း နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး တို့နှင့် စပ်လျဉ်း၍ အခွန်အမှတ် တံဆိပ် ကပ်နှိပ် ရောင်းချရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဗြဟ္မစိုရ်ခန်းမတွင် ကျင်းပခဲ့သည်။

မြင်းခြံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံစေရေး လိုက်လံစစ်ဆေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများ မှန်ကန်ပြည့်စုံစေရေးအတွက်

နတ်မောက်မြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးထိုးနှံပေးမည်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ် ခေါင်းကင်ဆာ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ

အင်တောမြို့၌ အမျိုးသမီးများ အား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးသွားမည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့အတွင်းရှိ ၂၀၁၀ ပြည့်နှစ် ၊ စက်တင်ဘာလ မှ ၂၀၁၁ ခုနှစ် ဩဂုတ် လ အတွင်း မွေးဖွားသည့် အသက် ၉ နှစ်အရွယ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး Human Papilloma Virus(HPV)များ ထိုးနှံပေးသွား မည် ဖြစ်ကြောင်းသိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများ လုံခြုံစိတ်ချမှုရှိပြီး လုယက်မှုအန္တရာယ်မှ ကင်းဝေးစေရေး အသိပညာပေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်း နေထိုင်သူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရန် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမှတ် ၃၅ ရပ်ကွက်၊ ပင်လုံလမ်မကြီးပေါ်ရှိ CB ဘဏ်နှင့် အခြားဘဏ်များမှ ငွေသွင်းငွေထုတ် ပြုလုပ်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် စက်ဘီးစီးသွားလာသူများ လုယက်မခံရစေရေး အတွက် မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်ကိုင်စပီကာဖြင့် ဟောပြော ပညာပေးခြင်းတို့ကို ဘဏ်များ၊ ရွှေဆိုင်များ၊ လမ်းဆုံလမ်းခွများတွင် ယမန်နေ့က နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန်နှင့် ပြည့်စုံမှန်ကန်သည့်မဲစာရင်းများရရှိရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက် ၁၈ နှစ် ပြည့်သည့် နိုင်ငံသားတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန်နှင့်ပြည့်စုံမှန်ကန်သည့် မဲစာရင်းများရရှိရေးအတွက် ဩဂုတ် ၂၀ ရက်မွန်းလွဲပိုင်းက ရပ်ကွက်/ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် One State One Township Project အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သမှုန်းကုန်းကြီး ကျေးရွာအုပ်စု၊ သမှုန်းကုန်းကြီး ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀)နာရီက One State One Township Project အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to