သာယာဝတီ၌ ရေဆင်းပေါ် ဆန်းစပါးခင်းများ အောင်မြင်ဖြစ်ထွန်း

သာယာဝတီ ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးစိုက်မျိုးရာသီ၌ သင်တောရိုးကျေးရွာအုပ်စုရှိ ရေဆင်း‌ပေါ်ဆန်း(၁)(၇.၅) ဧကနှင့်ရေဆင်းပေါ်ဆန်း(၂) (၂.၅)ဧက စုစုပေါင်း(၁၀ဝ)ဧက မျိုးသန့်မျိုးပွားမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဆင်းပေါ်ဆန်းစပါးမျိုးများမှာ စားသုံးရန်အရည်အသွေးကောင်းမွန်ခြင်း၊ ဈေးကွက်ကောင်းမွန်ခြင်းများကြောင့် ယခုနှစ်နွေစပါးရာသီမှထွက်ရှိသော မျိုးသန့်မျိုးပွားမျိုးစေ့များအား တောင်သူများအား ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ခုနှစ် မိုးစပါးရာသီတွင်မျိုးများဖြန့်ဝေသွားမည်ဖြစ်ပြီး ရေဆင်းပေါ်ဆန်း(၁)(၂၅၀၀)ဧက ရေဆင်းပေါ်ဆန်း(၂)(၈၀၀)ဧက စုစုပေါင်း(၃၃၀၀)ဧက တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သာယာဝတီမြို့နယ် စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့အနေဖြင့်လာမည့်နှစ်တွင် ဒေသခံတောင်သူများအား ဈေးကွက်ဝင်ပေါ်ဆန်းစပါးမျိုးများ ထည့်သွင်းတိုးချဲ့စိုက်ပျိုးလာနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲများနှင့်အတူ မျိုးစေ့များဖြန့်ဝေကာ မျိုး‌ကောင်းမျိုးသန့်ပေါ်ဆန်းစပါးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုတင်လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)