သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာရေးဆရာ ညီညီစျာန်ရေးသားသည့် " ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းအား ကျပ်သန်းပေါင်း (၇၇၀၀) ကျော် အသုံးပြု၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းအား ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၇၇၀၀) ကျော် အသုံးပြု၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ မြို့တွင်းမြို့ပြင်လမ်းများ သာယာလှပရေး၊ ရပ်ကွက်များအတွင်း သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ရပ်ကွက်များ အလိုက် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်နှင့် ကောက်ခံရမည့် အခွန်၊ အခ၊ အကောက်များကို လျာထားချက် ပြည့်မီကျော်လွန်အောင် အလေးထားကောက်ခံကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှု လိုက်လံကြည့်ရှု

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။

လှည်းကူးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာပေးအပ်ခြင်း၊ နွေစပါးအတွက် Drum Seeder များ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာပေးအပ်ခြင်း၊ နွေစပါးအတွက် Drum Seeder များ ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စု၊ တောင်သူ ဦးစိုင်းကျော်၏လယ်တွင် ကျင်းပသည်။

ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကို မြို့နယ်ပညာရေးမှူးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီက စတင်၍ ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာစာဘာသာ စတင်ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ဒီဇင်ဘာလ လူထုအားကစားပွဲနှင့် စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ဒီဇင်ဘာလ လူထုအားကစားပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

မိုးညိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေး နှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား စနစ်ကောင်းမွန်စေရေးနှင့် ဓာတ်အားပြည့်ဝစွာ ရရှိရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား စနစ်ကောင်းမွန်ရေးနှင့် ဓာတ်အားပြည့်ဝစွာရရှိရေး လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်၍ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်း၊ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ငန်းများကို ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to