မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကား
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားကြီးတွင် ယခုနှစ်ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။