အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၊ အားကစားကွင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မသန်စွမ်းအားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ ညနေ ၂ နာရီက ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။

ကျိုင်းတုံမြို့၌ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်းလုပ်ငန်း စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) စိစစ်ရွေးချယ်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနပိုင် ယန်းခမ်းအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ခရီးသည်ယာဉ်ကြီးဂိတ် (၄)ခန်းနှင့် ခရီးသည်ယာဉ်ငယ်ဂိတ် (၄၀)ခန်းပါ သံကူးကွန်ကရစ် ၂ ထပ် အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်း စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) စိစစ်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့က စည်ပင်သာယာခန်းမတွင် ကျင်းပခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ မဲ‌ဆန္ဒရှင်စာရင်များ တိကျပြည့်စုံမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိစေရေး၊ မဲ‌ဆန္ဒရှင်စာရင်များ တိကျပြည့်စုံမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ် စာမေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်အတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း၍ မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း၍ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များနှင့် မြို့များ၊ ရပ်ကွက်၊ ကျေးရွာများတွင် တစ်အိမ်တက်ဆင်းစနစ် (Door to Door) မြေပြင်ကွင်းဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့နယ်၌ မဲစာရင်းမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေမြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊တပ်ဖွဲ့များ၊ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ ပါဝင်သော မြေပြင်ကွင်းဆင်း၍ စာရင်းကောက်ယူလျက်ရှိသည်။

ပင်းတယမြို့နယ်တွင် စပ်မျိုးနေကြာမျိုးစေ့ ထုတ်နည်းပညာပေး လုပ်ငန်းကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ငန်း ၁၀ ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဒေသစိုက်ပျိုးရေးဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးကျော်ကျော်ညွှန့်သည် ယမန်နေ့က ပင်းတယမြို့နယ် ပွေးလှကျေးရွာအုပ်စု ရှောက်ပင်ကျေးရွာမှ စပ်မျိုးနေကြာမျိုးစေ့ ထုတ်စိုက်ပျိုးနေသော တောင်သူ ဦးကျော်တင့်၏ စိုက်ကွက်တွင် မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာများအား တောင်သူများကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်တတ်စေရန်၊ မြေဩဇာ စနစ်တကျ အချိုးညီအချိန်ကိုက်ကျွေးခြင်း အပင်သားခွဲခြင်း မျိုးကွဲပယ်ခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း လုပ်ငန်းများအား ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စန္ဒိမာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး တိုင်းဒေသကြီးအဆင့် MSME အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအဆင့် MSME အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to