ပွင့်ဖြူမြို့၌ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး စာသင်ကျောင်း အခြေပြုသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး ၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း ၊ ခြင်ပေါက်ပွားမှု ကင်းဝေးစေရေး ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ကပွင့်ဖြူမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်း(၅)ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။