မြင်းခြံမြို့၌ ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဒို့အတူ မဲပေးကြမယ် အသိပညာပေး သတင်းစကားလက်ကမ်းစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မြို့လယ်ခေါင် နာရီစင်နှင့် အေးမြသီတာဈေးတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ မိုးစပါးများ ရိတ်သိမ်းပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါး ၂၆၀၁၆ ဧက စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလနှောင်းပိုင်းတွင်  ၉၅၉၆ ဧက ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှအတွက် ၇၄.၀၆ တင်း ထွက်ရှိခဲ့ပြီး စုစုပေါင်းအထွက် ၇၁၀၆၅၇ တင်း ထွက်ရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

တံတားမြို့၌ ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) များ စိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု မြေစိုက်ပိုစတာ (Billboard) စိုက်ထူပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ် (၄) ရပ်ကွက်၊ အောင်သီရိဈေးရှေ့၊ အမှတ် (၁) ရပ်ကွက်၊ မြို့မလမ်းဘေးနှင့် တံတား-စစ်တန်းလမ်းဆုံတို့တွင် ကျင်းပခဲ့သည်။

ကမာရွတ်မြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး မဲစာရင်းများကို အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေး

နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့၌ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လွတ်လပ်စွာ မဲဆန္ဒပေးနိုင်စေရန် အသိပညာပေး နှိုးဆော်သည့်၊ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီက မြို့လယ်မီးပွိုင့်လမ်းဆုံနှင့် မီးသတ်လမ်းဆုံမီးပွိုင့်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ ဒို့အတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို၊ ဘောဂဝတီရပ်ကွက်အုပ်စု၊ မြို့ဦးရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးတွင် ယမန့်နေ့ညနေ ၄ နာရီက “ဒို့အတူမဲပေးကြမယ်” ဆိုင်းဘုတ်စိုက်ထူပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ၊ “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ ၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မသန်စွမ်းကိုယ်စားလှယ်များ၊ မသန်စွမ်းကျောင်းများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများ ဟင်္သာတမြို့နယ်အတွင်း အသက် (၁၈) နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှု မရှိစေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်၊ ဒူးယားမြို့အမှတ် (၁) ရပ်ကွက်အတွင်း၌ အသက်(၁၈)နှစ်အထက် မဲပေးပိုင်ခွင့် ရှိသူများ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်း ဆင်းစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟင်္သာတမြို့၊ ဆကာရပ်ကွက်အတွင်း၌ အသက်(၁၈)နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များအား ကြည့်ရှုခဲ့ပါသည်။

မော်လမြိုင်မြို့နယ်၌မဲစာရင်းပြည့်စုံမှန်ကန်ရေး door to door စနစ်ဖြင့် အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေး

မော်လမြိုင်မြို့နယ်တွင်၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကိုအိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း ဖြစ်ပါကြောင်းနှင့် အသက် (၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိတို့ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ မြန်မာနိုင်ငံတပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်း​ရေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာများအလိုက် door to door စနစ်ဖြင့် တစ်အိမ်တက်ဆင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက်ရှိရာ မော်လမြိုင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ပေါင်မြို့နယ် (အ.ထ.က) ဖြူဘကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် အ.ထ.က (ခွဲ) ဖြူဘ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to