တနိုင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လမုန်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

တနိုင်း    သြဂုတ်    ၂၄

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဘောက်နော်နှင့် ဝန်ထမ်းများသည် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)လမုန်၌ သြဂုတ် ၂၂ ရက်နေ့ နံနက် (၉) နာရီက ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လမုန်မှ ကျောင်းသား၊ ကျောင်းသူ အသက် (၁၈) နှစ်ပြည့်ပြီးသူ (၁၄)ဦးနှင့် အသက်(၁၀)နှစ်နှင့် အသက် (၁၈) နှစ်ကြား ကျောင်းသား၊ကျောင်းသူ (၅၅) ဦး၊ စုစုပေါင်း (၆၉)ဦး တို့အား ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ပန်းအိ(တနိုင်း)