မြောင်းမြမြို့ တောင်ပေါ်စုကျေးရွာတွင် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

မြောင်းမြ သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းဖြစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြောင်းမြမြို့ တောင်ပေါ်စုကျေးရွာ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြောင်းမြခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝေဝေလင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဆွေက သင်တန်းအမှာစကား ပြောကြားပါသည်။

သင်တန်းနည်းပြအဖြစ် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်အိန္ဒြာချမ်းမြေ့ (ဦးစီးအရာရှိ) နှင့် ဒေါ်ဝင့်သင်္ဂီအောင်တို့က သင်ကြားပေးမည်ဖြစ်ပြီး၊ သင်တန်းကာလ ၂၃.၈.၂၀၂၃ ရက်နေ့မှ ၂၁.၉.၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ရာ ကျေးရွာမှ သင်တန်းသူ (၁၅) ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)