မြေပုံ ဩဂုတ် ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ်(၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်သီရိဟေမာန်က လူငယ်များအသိပညာတိုးပွားစေရန် ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လူငယ်များစာပေဖတ်ရှုမှု အလေ့အထကောင်းများဖြစ်ပေါ် လာစေရေး၊ စာဖတ်ချိန်မြင့်မားရေး၊ လူငယ်များစာပေဖတ်ရှုခြင်းမှအဆိုးအကောင်း၊ အကျိုးအကြောင်း ပိုင်းခြားတတ်စေရန် ဟောပြောသည်။
ထို့နောက် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်ဓါတ်ပုံနှင့် လူငယ်အသိပညာ ပေးနံရံကပ်စာစောင်တို့ကို စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်း သိရသည်။
တင်ဝင်း