ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများ ကျင်းပ

ဆိပ်ဖြူ ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ကျောင်းသား/ ကျောင်းသူများ မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

၂၀၂၃ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းသား/ကျောင်းသူများက “ဗလငါးတန်ပြည့်စုံဖို့ စာတတ်မြောက်အောင်သင်ယူစို့” ခေါင်းစဉ်ဖြင့် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူး၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့မှ ကျောင်းသား/ကျောင်းသူ ၃၁ ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း ကျောင်းသား/ကျောင်းသူ ၇ ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်း ၊ အလယ်တန်း ၊ မူလတန်းတို့မှ ကျောင်းသား/ကျောင်းသူ ၁၄ ဦး၊ ကာတွန်းပြိုင်ပွဲတွင် အထက်တန်း ၊ အလယ်တန်း ၊ မူလတန်းတို့မှ ကျောင်းသား/ကျောင်းသူ ၈ ဦး၊ ပိုစတာပြိုင်ပွဲတွင် အလယ်တန်း၊ မူလတန်းတို့မှ ကျောင်းသား/ကျောင်းသူ ၆ ဦး အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၆၆ ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ပြောကြား၍ သိရှိရသည်။

ကိုဇွဲ(အညာမြေ)