ပေါင် စက်တင်ဘာ ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ မီးသတ်ရုံး၌ ဆန်စက်နှင့်ဆန်လုပ်ငန်းရှင်အသင်းမှ ဆန်တစ်ပြည် (၂၅၀၀ိ/-) ကျပ်နှုန်းဖြင့် ယမန်နေ့က ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ဆန်ရောင်းချပေးရာတွင် ဆန်စက်နှင့်ဆန်လုပ်ငန်းရှင်အသင်း၏ ဦးဆောင်မှုဖြင့် ဇင်းကျိုက်မြို့မီးသတ်ရုံး၌ စတင်ရောင်းချပေးလျက်ရှိရာ တစ်ဦးလျှင် ဆန်နှစ်ပြည်နှုန်း ရောင်းချပေးသည့်အတွက် အခက်အခဲကြုံနေသူများ အဆင်ပြေရသဖြင့် ဝမ်းသာလျက်ရှိကြောင်း၊ မြို့နယ်အတွင်းအခြားရပ်ရွာများကိုလည်း ယခုလိုရောင်းချပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆန်နှစ်တင်း(၅၀)အိတ်၊ (၁၂၅၀)ပြည်၊ တစ်ဦး(၂)ပြည်နှုန်း၊ လူဦးရေ(၆၅၀)ဦးအား ခွဲဝေရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆန်ရောင်ရောင်းချနေမှုကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းအောင်သူ၊ ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူး ဦးဝေတိုးအောင်၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်မင်းနိုင်နှင့် ဆန်စက်နှင့်ဆန်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)