ပင်းတယ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျားကုန်းစံပြကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှုး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်း ခေတ်မှီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေလုပ်ငန်း(စက်ချုပ်)” သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ကျားကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းဆင်းအမှာစကား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းမှ လေ့လာသင်ယူထားသည့် ပညာများအား မိသားစုဝင်ငွေတိုးရေး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရန် စသဖြင့် ပြောကြားပေးခဲ့းသည်။
ထိုနောက် သင်တန်းမှထွက်ရှိသော ပစ္စည်းများအား တာဝန်ရှိသူများက ပေးအပ်ရာ သင်တန်းသူ၊ သင်တန်းသားများက လက်ခံရယူခဲ့ကြကြောင်း၊ အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၅ ဦးတက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ ဩဂုတ်လ ၄ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)