မုဒုံ စက်တင်ဘာ ၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပသည်။
ကျောင်းသား/သူ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ကင်းဝေးစေပြီး အားကစားလှုပ်ရှားမှုဖြင့် ပြည်သူတစ်ရပ်လုံး အားကစား၏အကျိုးကျေးဇူးကို သိမြင်နားလည်ခံစားတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကိုကျင်းပခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။ အဆိုပါပြိုင်ပွဲတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊အထက်တန်းအဆင့်များဖြင့် ပြိုင်ပွဲဝင်အသင်း (၁၅)သင်းတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အထက်တန်းအဆင့်ဗိုလ်လုပွဲစဥ်တွင် ဘုရင့်နောင်အသင်းက ဗန္ဓုလအသင်းအား (၆)ဂိုး (၅)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုပေးပွဲကိုကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက အဆင့်လိုက်ဆုရရှိသည့် အသင်းများအား ပထမ၊ဒုတိယ၊တတိယဆုများ၊ တစ်ဦးချင်းအကောင်းဆုံးဆုများနှင့် တံခွန်စိုက်ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)