ဝမ်းတွင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဝမ်းတွင်း  စက်တင်ဘာ  ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မေခလာ မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံတော်၏ အရန်အင်အားအဖြစ် ဆောင်ရွက်ရန်၊ မီးဘေးသတိမူရေးနှင့် စပ်လျဥ်းသည့်လုပ်ငန်းများ ဆောင်ရွက်ရန်၊ မီးဘေးကြိုတင် ကာကွယ်တားဆီး ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ မီးငြှိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါဘေး အန္တရာယ်များ ဖြစ်ပွားလာပါက ကူညီစောင့်ရှောက်ခြင်းနှင့် အခြားရုတ်တရက် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ မဖြစ်ပွားစေရေး ကာကွယ်တားဆီးရန်၊ ပြည်သူ့အကျိုးပြု လူမှုဝန်ထမ်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်း၍လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ မီးသတ်ဦးစီးဌာနကဖြစ်စေ၊ မီးဘေးလုံခြုံရေးအဖွဲ့ကဖြစ်စေ အခါ အားလျော်စွာပေးအပ်သော တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းသားများအား အရန်မီးသတ် တူညီဝတ်စုံများကို ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းက လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် ပို့ချပေးသွားမည့် လက်နက်မဲ့စစ်ရေးပြ ဘာသာရပ်၊ မီးသတ်ပညာ စက်ကြီး၊ စက်ကလေး ဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေး ဘာသာရပ်များ အကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃)ကို သင်တန်းသား (၅၀)ဦးမှ တက်ရောက်လျက်ရှိပြီး သင်တန်းကာလအနေဖြင့်  (၄.၉.၂၀၂၃မှ ၂၉.၉.၂၀၂၃)အထိ ရက်သတ္တပတ်(၄)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်