ကျွန်းလှ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ် မိုးစပါး ၃၄၀၉၃ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့ထိ ၃၄၀၉၇ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေ တွေမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေတင်ပြီး တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာကြပါ တယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။
မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန၊ ဝန်ထမ်းများက ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ တမန်းနှိုး ပေါင်းထိုးခြင်း၊ မျိုးကွဲ နုတ်ပယ်ခြင်း၊ မြေဩဇာစနစ်တကျသုံးစွဲခြင်း စသည့်စိုက်ပျိုးရေးဆိုင်ရာများ နည်းပညာပေး ခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်း ဆင်းသုခ ၇၀၂၅ ဧက၊ မနောသုခ ၄၇၇၈ ဧက၊ ရွှေသွယ်ရင် ၅၂၆၄ ဧက၊ ဧရာမင်း ၁၇၀၃၀ ဧက စပါးမျိုးများ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
မျိုးဝင်းညို ကျွန်းလှ