သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

သံတောင်ကြီး   စက်တင်ဘာ  

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာပေါက်ပေါက်၏ စာနာအလိုက်သိစွာ အတွေးအမြင် အနုပညာ စာအုပ်အား  ယနေ့နံနက် (၁၀) နာရီအချိန်က   Community Centre ခန်းမ၌   စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှအငယ်တန်းစာရေး ဦးစောလိုဖိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက် များရှင်းလင်းပြောကြားပြီး ဆရာဟဲဒိုစိုး (Book Club)အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင်ခေါင်းစဉ်ငယ်ဖြစ်သည့် စာနာအလိုက်သိစွာ ယဉ်ကျေးခြင်းအနုပညာ၊ စာမေးပွဲကျတာရှက်စရာမဟုတ်ပါ၊ ဘယ်တော့မှစိတ်ဓာတ်မကျပါနဲ၊ နှလုံးသားကို သော့ခတ်ထားပါ စသည့်အကြောင်းအရာများအားစာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး   နော်ပုလဲ (Youth Club)အဖွဲ့ဝင်က တိရစ္ဆာန်များထံမှ အတုယူသင့်သောလူသားတို့ အိမ်ထောင်ရေး၊ တကယ်စိတ်ချမ်းသာချင်ပါသလား၊  လုပ်ငန်းအဆင်ပြေစေဖို့နည်းလမ်း(၁၅)သွယ်၊ သင်ဘယ်လိုလူစားမျိုးလဲ စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book  Club/Youth Club အဖွဲ့ဝင်များကစာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

နော်နော်မူ