မင်းလှ စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက သားယောင်္ကျားလေးသုံးမွှာပူးကလေးငယ်များနှင့်မိဘများအား မိခင်စုနှင့်ကလေး ထောက်ပံ့ကြေးငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
လူမှုဝန်ထမ်းဦးစီးဌာနက မိခင်စုနှင့်ကလေးထောက်ပံ့ကြေးငွေငါးသိန်းကျပ်ကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်သီသီထွန်းနှင့်တာဝန်ရှိသူများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်သန့်ဇင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ခိုင်ဝေငြိမ်းနှင့် အဖွဲ့ဝင်များက အလယ်ကုန်းအုပ်စု၊ ချောင်းဂွကျေးရွာနေ သားယောင်္ကျားလေးသုံးမွှာပူး ကလေးငယ်များမွေးဖွားသည့် ဖခင်ဦးဇော်ထူးနှင့် မိခင်ဒေါ်ခင်လပြည့်တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အပြင် ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့က သားယောင်္ကျားလေးသုံးမွှာပူး ကလေးငယ်များကို သုံးသောင်းကျပ်စီထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါသားယောင်္ကျားလေးသုံးမွှာပူးကလေးငယ်များကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မွေးဖွားခဲ့ပြီး ကလေးငယ်များနှင့် မိဘများမှာကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)