သတင်းများ

အ-ထ-က(သရက်ချောင်း)တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ
Sep 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
မြဝတီမြို့၌  နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အကြို  ပြိုင်ပွဲများကျင်းပ
Sep 05,2023
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန် နှင့်ပြည့်စုံပြီး  ကာယ၊  ဉာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းနှင့်အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများ ကျင်းပကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်းအခမ်းအနားကျင်းပ
Sep 05,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မလှိုင်မြို့၌  သမိုင်းဝင်ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး၏ (၉၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ သမိုင်းဝင်ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး၏ (၉၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကိုရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၏လမ်းညွှန်မှုဖြင့် ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ (၅.၉.၂၀၂၃ ရက်နေ့မှ ၂၂.၉.၂၀၂၃)ရက်နေ့အထိ (၁၈)ရက် တိုင်တိုင်  မြို့ခံဈေးသည်နှင့်အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းချမည့် ဈေးသည်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ညောင်ဦးမြို့ ကုတင် ၂၀၀ ဆေးရုံဝင်းအတွင်း ကလေးဖျားနာဆောင်ပေါ်နှင့်လူနာစောင့် နားနေဆောင်ပေါ်လဲကျနေသည့် တမာပင်အားရှင်းလင်း
Sep 05,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးဝင်းအ တွင်း၌ စက်တင်ဘာ ၅ ရက်၊ နံနက် ၁၀ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တမာပင်ကြီးလဲကျကာ ကလေးဖျားနာဆောင်ပေါ်နှင့် လူနာစောင့်နားနေဆောင်ပေါ်သို့ တမာပင်လဲကျနေခြင်းအား ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်များ ဖယ်ရှားရှင်းလင်းခဲ့ကြောင်းသိရသည်။
တောင်ကုတ်မြို့၌ ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 05,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင် ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်တွင် မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်သည်။
တောင်ကုတ်မြို့၌ ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 05,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၃ ရက်နေ့ညနေပိုင်းက မြို့မအားကစားကွင်း အတွင်း၌ကျင်းပသည်။
တောင်ကျရေစီးဝင်မှုကြောင့် ရေတိုက်စားပြီး မြောင်းဘောင်နိမ့်ကျပျက်စီးခဲ့သည့် ငပြောင်မြောင်းဘောင်အား စိုက်ပျိုးရေပြည့်ဝစွာပေးနိုင်ရေးနှင့် ကြံ့ခိုင်မှုရှိရေး ကျောက်သားနံရံစီခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်ကျရေစီးဝင်မှုကြောင့် ရေတိုက်စားပြီး မြောင်းဘောင်နိမ့်ကျပျက်စီးခဲ့သည့် ငပြောင်မြောင်ဘောင်အား ကြံ့ခိုင်မှုရှိရေး ကျောက်သားနံရံစီခြင်း လုပ်ငန်းများကို မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ် တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။