ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းသန့်ရှင်းရေ တိုးချဲ့ပေးဝေနိုင်ရေး ရေစစ်ကန်တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Sep 06,2023
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မိုင်းလုံးရေစက်ရုံ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လွိုင်ကော်မြို့နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံလောက်ငှစွာ ရရှိသုံးစွဲနိုင်ရေးအတွက် အဆင့်မြင့်တိုးချဲ့ဆောင်ရွက်နေသော တစ်နေ့လျှင်ရေဂါလံ(၂၅)သိန်းစစ်နိုင်သည့် (Slow Sand Fitter)အနှေး သဲရေစစ်ကန်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။