(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သံတွဲ စက်တင်ဘာ ၆

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)  ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအား ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်သဖြင့် မိမိတို့ လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို အကြံပြု ဆွေးနွေးတင်ပြကြရန်နှင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ကော်မတီအဖွဲ့များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား တင်ပြကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဘဏ္ဍာငွေရရှိမှုနှင့် ဂုဏ်ပြုဆုချီးမြှင့်ရေး လုပ်ငန်းဆိုင်ရာများ၊ ပြိုင်ပွဲအင်အားဆိုင်ရာများနှင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်) ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့နံနက် ၉ နာရီအချိန်တွင် သံတွဲမြို့၊ ဒွါရာဝတီ မြို့နယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီထံမှ သိရှိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)