နောင်ချိုမြို့နယ်၌ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို) စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်

နောင်ချို စက်တင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို) ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲအား ယနေ့ နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြရာ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ပိုစတာ၊ ပန်းချီ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၇) ဦး စုစုပေါင်း (၅၂) ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်းနှင့်  ဆုရရှိသူများအား မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်၌ ဆုများကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)