လားရှိုးပညာရေးဒီဂရီကောလိပ်တွင် လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းပြုလုပ်
Sep 06,2023
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန် ၊နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လားရှိုးပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေး လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း ကို စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးပညာရေးဒီဂရီကောလိပ် ၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။