သတင်းများ

ပင်လုံတက္ကသိုလ်၌ လူငယ်သီတင်းပတ်လှုပ်ရှားမှု စျေးရောင်းပွဲအခမ်းအနား ကျင်းပ
Sep 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ ပင်လုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူငယ်သီတင်းပတ်လှုပ်ရှားမှု စျေးရောင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉)ခွဲအချိန်က ကျောင်းသား/ကျောင်းသူ နားနေဆောင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
တွံတေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တမံကြီးတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တမံကြီးရှိ ကျောင်းသား/ သူလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်ပြီး မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်၍ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၁ နာရီ မိနစ် ၃၀ အချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အ.ထ.က (ခွဲ) တမံကြီး၌ ကျင်းပ ပြုလုပ်ခဲ့ကြာင်း သိရသည်။
လွိုင်လင်မြို့၌ အမျိုးသမီးများနှင့် ကလေးငယ်များ အကြမ်းဖက်ခံရပါက တိုင်ကြားနိုင်မည့် မြေစိုက်ပိုစတာ စိုက်ထူ
Sep 06,2023
လူမှုဝန်ထမ်းဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ကြီးမှူး၍ အမျိုးသမီးများနှင့် ကလေးငယ်များ အကြမ်းဖက်ခံရပါက တိုင်ကြားနိုင်မည့် ၂၄ နာရီ Helpline ဝန်ဆောင်မှု မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် (၀၉:၃၀)နာရီက လွိုင်လင်မြို့ မြို့မဈေးကြီးရှေတွင် စိုက်ထူပါသည်။
သာပေါင်းမြို့နယ် ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီအဖွဲ့မှ အခွန်လွတ်ဈေးတွင် ဝက်သား၊ ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်ဖြူ/နီ၊ အာလူးနှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေး
Sep 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ကုန်စျေးနှုန်းထိန်းညှိ လျှော့ချရေး ကော်မတီအဖွဲ့နှင့် စည်ပင်သာယာရေး အဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာတို့မှ ဝက်သား၊ ကြက်သွန်ဖြူ/နီ၊ အာလူး၊ ကြက်/ဘဲဥနှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား အခွန်လွတ်ဈေး တွင် ယမန်နေ့ နံနက် ၇ နာရီအချိန်က ရောင်းချပေးခဲ့ကြသည်။
မောက်မယ်မြို့နယ်၌ အသက် (၂) လမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်
Sep 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်အတွက် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစ အသက် (၂) လမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်တိုးချဲ့ ကာကွယ်ဆေးများ ထိုးနှံခြင်း/ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့ပေါ်ရှိရပ်ကွက်များမှ ယနေ့နံနက်(၉)နာရီတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းတုန်းမြို့တွင် အသက်(၂၅)နှစ်အောက်(အမျိုးသား)ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Sep 06,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ယခုလ ၄ ရက်နေ့မှစ၍ အားကစားဖွံ့ဖြိုးတိုးတက်ရေး(TSDP)အစီအစဉ်အရ အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကျင်းပရာ ယနေ့နံနက် ၈ နာရီက အမှတ်(၂) ရပ်ကွက်ရှိ
ပုသိမ်မြို့တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးပြုလုပ်
Sep 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် တဲကြီးကျေးရွာတွင် မကွေး-၁၆ ပင်ထောင် မြေပဲစံကွက် ရိတ်သိမ်း
Sep 06,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တဲကြီးကျေးရွာ တောင်သူ ဦးဘိုညို၏ မကွေး-၁၆ ပင်ထောင်မြေပဲစံကွက်ကို ယမန်နေ့ နံနက်ပိုင်းက  ရိတ်သိမ်းခဲ့ကြသည်။