သံဖြူဇရပ်မြို့နယ်၌ လူငယ်အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသ

သံဖြူဇရပ် စက်တင်ဘာ ၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး  အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီကအခြေခံပညာမူလတန်းကျောင်း (ဟံသာဝတီ) ၌ ပြုလုပ်သည်။

ဦးစွာ ကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဆိုင်ရာဖြစ်စဥ်များ၊ လူကုန်ကူးမှုဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ လူကုန်ကူးမှုဖြစ်ပွားလာပါက ဆက်သွယ်ဆောင်ရွက်ရမည့် သူများအား အသိပညာပေး ပြောကြားသည်။

ထို့နောက် အသိပညာတိုးပွားစေရေး၊ လူငယ်အသိပညာပေး နံရံကပ်ပိုစတာများကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/ သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)